Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Sisters of St. Joseph of the Apparition (SJA)

#Sisters of St. Joseph of the Apparition (SJA)
#ရူပါရုံမြင်သောစိန့်ဂျိုးဇက်သီလရှင်အသင်းဂိုဏ်း
#အသင်းဂိုဏ်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း



ရူပါရုံမြင်သောစိန့်ဂျိုးဇက်သီလရှင်အသင်းဂိုဏ်းကို စိန့်အယ်မလီဒေဗီယာလားမှ (၁၈၃၂) ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ဂိုင်းယပ်မြို့၌ တည်ထောင်ခဲ့သည်။

အယ်မလီဒေဗီယာလားသည် (၁၇၉၇) ခုနှစ်၊စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဂိုင်းယပ်မြို့ငယ်လေး၌ ဖွားမြင်ခဲ့ပြီး၊ မွေးချင်းလေးဦးအနက် အကြီးဆုံးဖြစ်သည်။ Baron de Vialarနှင့် Mrs. Antoinette Portal တို့၏ ထက်မြက်သွက်လက်လှသော သမီးလေးသည် ငယ်ရွယ်စဉ်ကတည်းကပင် ဘုရားသခင်ထံမှ ဆွဲဆောင်မှုတစ်ခုခံစားခဲ့ရသည်။

သူမ၏မိခင်သည်သူမ၏လက်ဦးဆရာဖြစ်သည်။ အယ်မလီသည် ဂိုင်းယပ်မြို့ရှိ စာသင်ကျောင်းတစ်ခုကို မကြာခဏ သွားလေ့ရှိသည်။ အသက်(၁၃)နှစ်အရွယ်တွင် မိဘများကပဲရစ်(စ်)မြို့ရှိ ဘော်ဒါဆောင်တစ်ခုသို့ သူမအားခေါ်ဆောင်သွားခဲ့ကြသည်။ သမီး၏ ပညာရေးအတွက် စိတ်အားထက်သန်စွာနှင့် လိုက်ပို့ပေးသော မိခင်သည် ကျန်းမာရေးအားနည်းသည့်အပြင်၊ လမ်းခရီးကြမ်းတမ်း၍ ပင်ပန်းမှုဒဏ်ကြောင့် ပဲရစ်(စ်)မြို့ရောက်ပြီး မကြာမီဆုံးပါးသွားခဲ့သည်။

အယ်မလီသည်() နှစ်တာမျှပညာဆည်းပူးပြီးနောက် ဂိုင်းယပ်သို့ပြန်လာခဲ့သည်။ သူမ၏ဖခင်နှင့်အတူ လူမှုရေးဆိုင်ရာပွဲလမ်းသဘင်များသို့ မကြာခဏလိုက်ပါခဲ့သည်။ ရုပ်ရည်ချောမောလှပ၍ ငယ်ရွယ်သူပီပီလှပသော အဝတ်အစားများ၊ ကျောက်မျက်ရတနာများဖြင့် အလှဆင်ရသည်ကိုနှစ်သက်ခဲ့သည်။ သူမ၏ ဂုဏ်သတင်းသည် လူငယ်များအကြား ရေပန်းစားခဲ့ပြီး၊ အချို့သော ဂုဏ်သရေရှိမိသားစုမှ ယောက်ျားလေးများက သူမအားလက်ထပ်ခွင့် တောင်းခဲ့ကြသည်။

အယ်မလီကိုယ်တိုင်က မိမိ၌ သီးခြားခေါ်တော်မူခြင်းတစ်ခုရှိကြောင်းကို ရိပ်မိနေသော်လည်း ယင်းသည် မည်ကဲ့သို့ဖြစ်ပေါ်လာမည်ကိုမူ သေချာမသိခဲ့ပေ။ အရာအားလုံး၌ သူမကိုယ်တိုင် စိတ်ဝင်စားမှုရှိသော်လည်း မည်သည့်အရာကမျှ သူမအား အမှန်တကယ် စိတ်ကျေနပ်မှုမပေးနိုင်ကြောင်း သူမသတိပြုမိခဲ့သည်။

ဂိုင်းယပ်တွင် ဘုရားကျောင်းတက်နေစဉ်သာသနာပြုခြင်းအကြောင်းဟောကြားချက်ကို ကြားနာခွင့်ရခဲ့သည်။ ၎င်းက မိမိကိုယ်ကိုဘု ရားသခင်ထံ လုံးလျားလျားပေးအပ်မည်ဟူသော ဆုံးဖြတ်ချက်တစ်ခု ချနိုင်ရန် သူမအား ကူညီပေးခဲ့သည်။ သို့သော်လည်း သူမ၏ ဘဝအပေါ် ဤသက်ရောက်မှုသည် နောင်နှစ်ပေါင်းများစွာအထိ မရှင်းလင်းခဲ့ပါ။

(၁၇၈၉) ခုနှစ်၊ မေလ()ရက် မှ(၁၇၉၉)ခုနှစ်၊ နိုဝင်ဘာလ()ရက်နေ့အထိ ကြာမြင့်ခဲ့သည့် ပြင်သစ်တော်လှန်ရေးကြောင့် အယ်မလီ၏ ဇာတိမြို့နှင့် ပြင်သစ်နိုင်ငံတစ်ဝန်းလုံး၌ ဆင်းရဲမွဲတေမှုနှင့် မတရားမှုများလွှမ်းမိုးနေခဲ့သည်။ (၁၈၃၀) ဝန်းကျင်တွင် ဂိုင်းယပ်မြို့လေး၌ပင် ခိုကိုးရာမဲ့ကာ ဆင်းရဲချွတ်ခြုံကျနေသူ (၈၀၀) ခန့်ရှိ၍ အများစုမှာ သက်ကြီးရွယ်အိုများနှင့် ရောဂါဝေဒနာသည်များဖြစ်သည်။ မိဘများက မိမိတို့၏ ဆယ်နှစ်အောက်သားသမီးများကို ဘုရားကျောင်းတံခါးဝ၌လည်းကောင်း၊ လမ်းများပေါ်၌လည်းကောင်း စေလွှတ်ကာ တောင်းရမ်းစေကြသည်။ ဆင်းရဲသားများအား ကူညီနိုင်ရန်အတွက် ငွေကြေးချမ်းသာသော မိသားစုများက အလှည့်ကျလှူဒါန်းခဲ့ကြသည်။ ရန်ပုံငွေရှာ၍လည်း ကူညီကြသည်။ သို့သော် ဤလုပ်ဆောင်ချက်များက ကြုံတွေ့နေရသည့်လူမှုရေးပြဿနာကို လုံလောက်စွာ မဖြေရှင်းနိုင်ခဲ့ပေ။

ထိုအခြေအနေကိုသတိပြုမိသော အယ်မလီသည် သူမ၏အိမ်တံခါးကို လာခေါက်သောဆင်းရဲသားများအား အစားအစာနှင့်အဝတ်အထည်များကို ပေးကမ်းစွန့်ကြဲခြင်းများ စတင်ခဲ့ရာ ဖခင်ဖြစ်သူက မကြည်ဖြူခဲ့ချေ။ နောက်ပိုင်းတွင် ဂိုင်းယပ်မှ သူငယ်ချင်းမိန်းကလေးငယ်များ၏ အကူအညီဖြင့် ဆင်းရဲသားများနှင့် လူမမာများထံ အိမ်တိုင်ရာရောက်သွားရောက် လည်ပတ်ကာ စွပ်ပြုတ်ပူပူနွေးနွေး၊ အနွေးထည်၊ အစားအစာနှင့် ဆေးဝါးများဖြင့် ကူညီပေးနိုင်ခဲ့သည်။ (Sr. Agnes CAVASINO SJA, EMILIE DE VIALAR, FOUNDRESS  စာမျက်နှာ ၃၀)

အယ်မလီသည် ကွဲပြားခြားနားသော လမ်းကြောင်းနှစ်ခုကို ရှေးရှု၍ အသင်းဂိုဏ်းတစ်ခု တည်ထောင်ရန် သေချာလာခဲ့သည်။

ပထမတစ်ခုသည် သူမ၏ပတ်ဝန်းကျင်နှင့် ပတ်သက်၍ နှစ်ပေါင်းများစွာအတွင်း ကြုံတွေ့ခဲ့ရသည့် ခိုင်လုံသော အတွေ့အကြုံများဖြင့် ဆက်စပ်လျက်ရှိသည်။

သူတို့အိမ်တွေမှာ နာမကျန်းဖြစ်နေတဲ့ ဆင်းရဲသားတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေရင်းကနေ သူတို့အတွက် လိုအပ်တဲ့ အစားအစာတွေ၊ ကုသမှုတွေနဲ့ နေ့ရောညပါ ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ဖို့ လိုအပ်နေပြီဆိုတာ ကျွန်မခံစားရတယ်။”   

ဒုတိယတစ်ခုမှာ သူမအတွက် မသေချာမရှင်းလင်းခဲ့သော်လည်း ပိုမိုဆန်းသစ်၍ ခက်ခဲသည်။

ဝေးလံခေါင်သီပြီး ခရစ်တော်ကို မသိသေးတဲ့ နိုင်ငံရပ်ခြားတွေဆီ သာသနာပြုခြင်းက ကျွန်မကိုဆွဲဆောင်တယ်။ ဒါကိုသတိမပြုမိပေမဲ့ ကျွန်မရဲ့နှလုံးသားက ဘာသာခြားဒေသတွေဆီ အလိုအလျောက်ရောက်သွားခဲ့တယ်။ ပဲရစ်(စ်)မြို့က နိုင်ငံရပ်ခြားသာသနာပြုများအားဂုဏ်ပြုထားသော ဘုရားကျောင်းဆောင်မှာ၊ ဒါမှမဟုတ် ကျွန်မရဲ့ဇာတိမြို့လေးက စိန့်ဖရန်စစ်ဇေးဗီးယားကို အထူးအပ်နှံထားတဲ့ ဘုရားကျောင်းမှာသွားပြီး ဆုတောင်းတဲ့အခါတိုင်း ဒီပြင်းပြတဲ့စိတ်ဆန္ဒကို ကျွန်မခံစားရတယ်။(Sr. Agnes CAVASINO SJA, EMILIE DE VIALAR, FOUNDRESS  စာမျက်နှာ ၃၅) သူမသည် မိသားစုနှင့်အတူ ပဲရစ်(စ်)မြို့သို့ သွားခဲ့စဉ်က ထိုမြို့၌ ဘုရားတရားမရှိသော အပြုအမူများလွှမ်းမိုးနေသည်ကို မြင်ခဲ့ရခြင်းကြောင့် အလွန်စိတ်ထိခိုက်ခဲ့ရပြီး (letter to Francoise Pezet, 1826) နိုင်ငံရပ်ခြားသို့ သာသနာပြုခြင်းအတွက် ဘုရားရှင်ထံ ဆုတောင်းခဲ့ပေလိမ့်မည်။ ဂိုင်းယပ်တွင် သူမသည်အပြစ်သားများနှင့်ဘာသာမဲ့များ ပြောင်းလဲခြင်းရှိရန်အတွက် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သည်။(ကျေးဇူးတော်များမှတ်တမ်း)

အယ်မလီသည်မိမိ၏ ခေါ်တော်မူခြင်း အသက်တာကို ယုံကြည်ရန်အတွက် သူမ၏ဝိညာဉ်ရေးလမ်းညွှန်က အားပေးခဲ့သဖြင့် သူမ၏သာသနာပြုလုပ်ငန်းများ တည်တံ့ခိုင်မြဲခဲ့သည်။ စိန့်ဂျိုးဇက်အား ကောင်းကင်တမန်တော်ထင်ရှားဖော်ပြခဲ့သည့်အတိုင်း လူသားများအပေါ် အဖခမည်းတော်ဘုရား၏ ချစ်ခြင်းမေတ္တာ မည်မျှကြီးမားသည်ကို ဖော်ပြသည့် သားတော်ဘုရား လူ့ဇာတိခံယူခြင်း၏ နက်နဲဖွယ်ရာအချက်ကို ဂုဏ်ပြုရန်အတွက် သီလရှင်အသင်းဂိုဏ်းတစ်ခု တည်ထောင်ရန်၊ အထူးသဖြင့် ခရစ်တော်ကို မသိသေးသော ဘာသာမဲ့နိုင်ငံများသို့ သွားရောက်သာသနာပြုကာ ကရုဏာရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဘုရားသခင်က ဖိတ်ခေါ်နေကြောင်း တဖြည်းဖြည်းချင်း သူမနားလည်လာခဲ့သည်။

သူမ၏အဖိုးဖြစ်သူ ကွယ်လွန်သောအခါ ရရှိသည့်အမွေဖြင့် အိမ်တစ်လုံးဝယ်ကာ (၁၈၃၂)ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်၊ ခရစ္စမတ်စ်ညတွင် သူငယ်ချင်းသုံးဦးနှင့်အတူ ရူပါရုံမြင်သော စိန့်ဂျိုးဇက်သီလရှင်အသင်းဂိုဏ်း (Congregation of the Sisters of St. Joseph of the Apparition – SJA) ကို စတင်တည်ထောင်ခဲ့သည်။

ဤအမည်နာမသည်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲသော မာရိယာကို ထိန်းသိမ်းစောင့်ရှောက်ရန် ကောင်းကင်တမန်တော်က သတိပေးသည့်အတိုင်း စိန့်ဂျိုးဇက်အရှင်မြတ် ပြုခဲ့သည့်နည်းတူဘုရားသခင်၏ ကယ်တင်တော်မူခြင်းအစီအစဉ်တွင် ပါဝင်အားဖြည့်နေသည့် အသင်းဂိုဏ်း၏ ဝိညာဉ်ရေးကျင့်စဉ်နှင့် သာသနာပြုလုပ်ငန်းများကို ဖော်ပြပေးသည်။ (မှီငြမ်း - မာတေးဦး၁း၂၀-၂၁)

မိခင်အယ်မလီ ပျံလွန်တော်မူချိန်တွင် အသက် (၅၉) နှစ်နီးပါး ရှိပြီဖြစ်သည်။ အသင်းဂိုဏ်းတည်ထောင်ပြီး (၂၄) နှစ်အတွင်း သူမသက်ရှိထင်ရှားရှိနေစဉ်၌ပင် အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ပြင်သစ်၊ အီတလီ၊ ဆိုက်ပရပ်စ်၊ မော်လ်တာ၊ ဆီးရီးယား၊ ဂရိ၊ မြန်မာ၊ ပါလက်စတိုင်း၊ တူရကီ၊ ဂရိကျွန်းနှင့် သြစတေးလျစသည့် နိုင်ငံများသို့ သာသနာပြုများ စေလွှတ်ကာ သီလရှင်ကျောင်းပေါင်း (၄၂) ကျောင်းကိုဖွင့်လှစ်ခဲ့သည်။

သူမအား ရဟန်းမင်းကြီး ဒွါဒသမမြောက်ပီဦးမှ (၁၉၅၁)ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့တွင် ရဟန္တာသူတော်မြတ်အဖြစ် တင်မြှောက်သည့်အခါ သူမ၏ သန့်ရှင်းမြင့်မြတ်မှုကို ကက်သလစ်သာသနာတော်ကြီးမှ တရားဝင်အသိအမှတ်ပြုခဲ့သည်။ သူမ၏ပွဲနေ့ကို ဇွန်လ(၁၇)ရက်နေ့တွင် ကျင်းပကြသည်။

 

#မြန်မာပြည်သို့ရောက်ရှိခြင်းသမိုင်းအကျဉ်း

ရူပါရုံမြင်သောစိန့်ဂျိုးဇက်သီလရှင်အသင်းသည် မြန်မာပြည်သို့ ပထမဆုံးစတင်ရောက်ရှိလာသည့် အမျိုးသမီးသာသနာပြုအသင်း ဖြစ်သည်။

(၁၈၄၅) ခုနှစ်၊အောက်တိုဘာလ () ရက်နေ့တွင်မိခင်အယ်မလီသည်မော်လ်တာ (Malta) တွင်ရောက်ရှိနေချိန်ဖြစ်သည်။ ဝေးလံခေါင်သီလှသော မြန်မာပြည်တွင် သာသနာလုပ်ငန်းအစပြုနိုင်မည့် အစီအစဉ်သည် ဤနေရာတွင်စတင်ခဲ့သည်။ ထိုအချိန်ကကမ္ဘာကြီး၏ ဤအစိတ်အပိုင်းကို အင်ဒီဟုခေါ်ခဲ့ကြသည်။ အကြောင်းမှာ အိန္ဒိယဘုရင်ခံက အုပ်ချုပ်သောကြောင့်ပင်ဖြစ်သည်။

တမန်တော်လုပ်ငန်းများအတွက်စိန့်ဂျိုးဇက်သီလရှင်များ၏အကူအညီကိုအပူတပြင်းလိုအပ်နေသောCongregation of the Oblates of Virgin Mary (OMV)အသင်းဝင် Fr. Bruno သည် ဆေးကုရန်အတွက် မြန်မာနိုင်ငံမှ အီတလီသို့ပြန်လာရာ၊ မော်လ်တာတွင် မိခင်အယ်မလီနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ (OMV archives မှ)

စိန့်ဖရန်စစ်ဇေးဗီးယား၏ ကူညီမှိုင်းမမှုအောက်တွင် မိမိ၏သီလရှင်များအား ရပ်ဝေးမြေခြား တိုင်းတစ်ပါးသို့ သာသနာပြုစေလွှတ်ရန် ဆန္ဒပြင်းပြသည့် မိခင်အယ်မလီထံ Fr. Brunoက မိမိ၏ဆန္ဒကို ဖွင့်ဟတောင်းဆိုခဲ့သည်။ မိခင်ကြီးသည် ဘုရားရှင်၏ အကြံအစည်တော် ပိုမိုရှင်းလင်းပြတ်သား လာသည်အထိ စောင့်နေခဲ့ရာ မြန်မာပြည်အတွက် သံတမန်တစ်ဦးဖြစ်သည့် Msgr. Ceretti (OMV)မှ အောက်ပါတမန်တော်လုပ်ငန်းများကို ဆောင်ရွက်ပေးမည့်သီလရှင် (၁၀) ပါးကိုစေလွှတ်ပေးပါရန် တရားဝင်တောင်းဆိုခဲ့သည်။

-        ရင်ခွင်မဲ့ကလေးများနှင့်စွန့်ပစ်ခံကလေးငယ်များအားပြုစုပျိုးထောင်ပေးရန်

-        ဘော်ဒါဆောင်နှင့် နေ့ကျောင်းများ၌ ကလေးငယ်များနှင့် အမျိုးသမီးငယ်လေးများအား ပညာသင်ကြားပေးရန်

-        သက်ကြီးရွယ်အိုများအတွက် ရိပ်သာ တည်ထောင်ကာ ကြည့်ရှုစောင့်ရှောက်ပေးရန်

    မိခင်အယ်မလီ ကိုယ်တိုင်ရွေးချယ်စေလွှတ်ပေးခဲ့သည့် Sr. Teresa Mac. Kenzie (တာဝန်ခံအကြီးအကဲ), Sr. Sidonie Bonneviale, Sr. Marie Martin, Sr. Pauline Falzon, Sr. Louise Quitterie နှင့် Sr. Sophie Garrigue တို့သည် ()လ ခန့် ခရီးနှင်ပြီးနောက် (၁၈၄၇) ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင်မြန်မာနိုင်ငံတောင်ပိုင်းရှိပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သောမွန်ပြည်နယ်၊မော်လမြိုင်မြို့သို့ရောက်ရှိလာခဲ့ကြသည်။ Rev. Fr. Balmaနှင့် အခြားသောသာသနာပြု ပုဂ္ဂိုလ်များအပြင် မိမိတို့ကို ကြည့်ရှုစောင့်ရှောက်ပေးမည့် စိန့်ဂျိုးဇက်သီလရှင်များအား စောင့်မျှော်နေကြသည့် ရင်ခွင်မဲ့ကလေး (၂၀) ယောက်တို့က သီလရှင်များအား လှိုက်လှိုက်လှဲလှဲကြိုဆို ခဲ့ကြသည်။ (Sr. Agnes CAVASINO SJA, EMILIE DE VIALAR, FOUNDRESS,  စာမျက်နှာ ၁၄၀)

စိန့်ဂျိုးဇက်သီလရှင်များ၏ မြန်မာပြည်သာသနာပြုခရီးကို ထိုကဲ့သို့အစပြုခဲ့ကြပေသည်။

မြန်မာပြည်သားများအတွက် မော်လမြိုင်မြို့၌ ဆောင်ရွက်နေသကဲ့သို့ တမန်တော်လုပ်ငန်းများ လုပ်ဆောင်ရန်ရည်ရွယ်လျက် (၁၈၆၆) ခုနှစ်၊ မေလတွင် Msgr. Bigandet က သီလရှင်ကျောင်းတည်‌‌ထောင်ရန်အတွက် စိန့်ဂျိုးဇက်သီလရှင် () ပါးကို မန္တလေးသို့ ခေါ်ဆောင်သွားခဲ့သည်။ သီလရှင်များအတွက် ရန်ပုံငွေလိုအပ်သည့်အခါတိုင်း ဘုရင်မင်းမြတ်နှင့် မိဖုရားစုဖုရားလတ်တို့က ကူညီပေးခဲ့ကြသည်။ သီလရှင်များကလည်း မင်းညီမင်းသားများ၊ ဘုရင့်သားတော်သမီးတော်များအား အင်္ဂလိပ်စာနှင့် ပြင်သစ်စာများကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် နန်းတော်အတွင်း၌                         သွားရောက် သင်ကြားပေးခဲ့ကြသည်။

(၁၈၇၇) တွင်ကျောင်းသား (၃၀) နှင့်မိဘမဲ့ကလေးများအတွက် ကျောင်းဖွင့်ပေးရန် စိန့်ဂျိုးဇက်သီလရှင်များအား Fr. Eugene Biffi က တောင်ငူမြို့သို့ ဖိတ်ခေါ်ခဲ့သည်။ (၁၈၉၅) တွင် ထိုတာဝန်ကို ဆပ်ဖြေခြင်းသီလရှင်များအား လွှဲပြောင်းပေးခဲ့သည်။

(၁၉၂၀) ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့တွင် စိန့်ဂျိုးဇက်သီလရှင်များသည် ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စိန့်အန်ထော်နီ (ကန်တော်ကလေး)သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုသို့ရောက်လျှင်ရောက်ချင်း အခမဲ့ဆေးခန်း၊ မိဘမဲ့ဂေဟာနှင့် မိန်းကလေးစာသင်ကျောင်း (ယခုလက်ရှိ-အထက () မင်္ဂလာတောင်ညွန့်) ကိုဖွင့်လှစ်ကာ တမန်တော်လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် အိန္ဒိယလူမျိုးများအတွက် ရည်ရွယ်ထားသော်လည်း ရောက်ရှိလာသူများအား လူမျိုးမရွေး၊ဘာသာမရွေး ပျူပျူငှာငှာ တံခါးဖွင့်ကြိုဆိုခဲ့ကြသည်။ တနင်္ဂနွေနေ့တိုင်းတွင် ကန်တော်ကလေးနှင့် ကန်တော်မင်၌လည်းကောင်း၊ ဗုဒ္ဓဟူးနေ့တိုင်းတွင် သာကေတမြို့နယ်သို့လည်းကောင်း၊ သောကြာနေ့တိုင်းတွင် ဒလမြို့နယ်သို့လည်းကောင်း သွားရောက်ကာ တမန်တော်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 (၁၉၉၃) ခုနှစ်၊ ဒီဇင်လာလ (၃၁) ရက်နေ့တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းသို့ပြောင်းရွှေ့လာခဲ့ကြပြီး ဖာတီမာဘုရားကျောင်း (မြေနီကုန်း)၊ စိန့်ဂျွန်းဘုရားကျောင်း (ကန်တော်မင်) နှင့် စိန့်ဂျိုးဇက်ဘုရားကျောင်း (ကြည့်မြင်တိုင်အရိုးကုဆေးရုံဝင်း) တို့တွင် တမန်တော်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာဌာနချုပ်ကို ယခင်ကမော်လမြိုင်မြို့တွင်လည်းကောင်း၊ မန္တလေးမြို့တွင်လည်းကောင်း ထားရှိခဲ့ကြပြီး ယခုအခါ အိမ်အမှတ်၂၈၉()၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ် တွင် ထားရှိသည်။

#မြန်မာပြည်တွင် စိန့်ဂျိုးဇက်သီလရှင်များလုပ်ဆောင်နေသည့်တမန်တော်လုပ်ငန်းများ

ဝိညာဉ်ရေးလုပ်ငန်းများအဖြစ် အသက်အရွယ်မရွေး ဘုရားစကားသင်ကြားပေးခြင်း၊ မာရီယားတမန်တော်အသင်း၊ လူငယ်အသင်းနှင့် သာသနာပြုကလေးသူငယ်အသင်း စသည့်အသင်းအဖွဲ့များအား ဝိညာဉ်ရေးလမ်းညွှန်ပေးခြင်း၊ ဝိညာဉ်ရေးရိပ်သာဖွင့်ကာ သီလရှင်များ/ ဘာသာတူများအား ဝိညာဉ်ရေးခွန်အားဖြည့်တင်းပေးခြင်း၊ ကျမ်းစာဝေမျှခြင်းဖြင့်လည်းကောင်း/ သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတွင် ပါဝင်၍လည်းကောင်း ဧဝံဂေလိသတင်းကောင်းများ ဖြန့်ဝေခြင်း။

ပညာရေးလုပ်ငန်းများအဖြစ် အင်္ဂလိပ်စာသင်ကြားခြင်း၊ ဘော်ဒါဆောင်များနှင့် မူကြိုကျောင်းများ ဖွင့်ကာ ကလေးများ၏ ပညာရေးကို အုတ်မြစ်ခိုင်မာစေရန် သင်ကြားပျိုးထောင်ပေးခြင်း၊ သာသနာတော်၏ ပညာရေးကော်မရှင်၌ ပါဝင်အားဖြည့်ခြင်း၊ အသင်းဂိုဏ်းအတွင်း ပညာရေးကော်မရှင်ဖွဲ့စည်းကာ ခက်ခဲဆင်းရဲသောဒေသများသို့ သွားရောက်၍ ပညာဒါနပြုခြင်း

ကျန်းမာရေးလုပ်ငန်းများအဖြစ် ဆေးခန်းများနှင့် HIV/AIDS စင်တာများဖွင့်လှစ်ကာ ဖျားနာသူများ၊ ရောဂါဝေဒနာခံစားနေရသူများအား ပြုစုစောင့်ရှောက်ကုသပေးခြင်း။

လူမှုရေးလုပ်ငန်းများအဖြစ် ရင်ခွင်မဲ့ကလေးများအတွက် ဂေဟာများနှင့် သက်ကြီးရွယ်အိုများအတွက် ရိပ်သာများတည်ထောင်ကာ ကြည့်ရှုစောင့်ရှောက်ပေးခြင်း၊ ဆင်းရဲသောမိန်းကလေးငယ်များအတွက် စက်ချုပ်သင်တန်းများ စီစဉ်သင်ကြားပေးခြင်းနှင့် အဆောင်ငှားပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအား ကူညီခြင်းနှင့် (၂၀၁၀) မှစတင်၍ စင်္ကာပူနှင့်မလေးရှားတို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဝိညာဉ်ရေးလမ်းညွှန်ပေးခြင်း။

စာပေနှင့်ဆိုင်သော တမန်တော်လုပ်ငန်းများဖြစ်သည့် သမ္မာကျမ်းစာတော်မြတ် ဘာသာပြန်ခြင်း၌ အဖွဲ့ဝင်အဖြစ်လည်းကောင်း ၊မျိုးကြဲသူစာစောင်၊ သိုးထိန်းအသံစာစောင်၊ ကြေးစည်စာစောင်များတွင်လည်းကောင်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လူထုဆက်သွယ်ရေးရုံး (CBCM OSC) ဘာသာပြန်ကဏ္ဍ၌လည်းကောင်း ပါဝင်ဆက်ကပ်ခဲ့ကြပြီး၊ ယခုအခါတွင် မီဒီယာနှင့်ဆိုင်သော တမန်တော်လုပ်ငန်းများဖြစ်သည့် အာရှသမ္မာတရားအသံလွှင့်ဌာနမှ မြန်မာ (RVA) ဟားခါး (RVA) နှင့်ဖလမ်း (RVA) ၌ ပါဝင်အမှုတော်ဆောင်ကြလျက် ဧဝံဂေလိသတင်းကောင်းကို ဝေမျှသက်သေခံလျက်ရှိသည်။

စိန့်ဂျိုးဇက်သီလရှင်များမော်လမြိုင်မြို့သို့ ရောက်ရှိလာပြီးနှစ်ပေါင်း (၅၀) အကြာ၊ (၁၈၉၇) ခုနှစ်တွင် ဆရာတော်အလက်ဇနြ္ဒားကားဒေါ့ (Bishop Alexander Cardot) ၏ တောင်းဆိုချက်အရ ပုသိမ်မြို့တွင် စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်များအား သီလရှင်ဘဝဆိုင်ရာ ပညာရပ်များကို သင်ကြားပေးကာ၊ တမန်တော်လုပ်ငန်းများကို နှစ်ပေါင်း (၆၀) တိုင်တိုင် လက်တွဲဆောင်ရွက်ခဲ့ကြသည်။

မြန်မာပြည်တွင် ဂျပန်များရှိနေခိုက် ဤသီလရှင်အသင်းနှစ်သင်းသည် ကရုဏာရေးလုပ်ငန်းများကို အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြသည်။ ဆရာဝန်တစ်ဦး၏ အကူအညီဖြင့် ကိုယ်ပိုင်ဆေးခန်းတစ်ခုဖွင့်ကာ ဆေးကုပေးခဲ့ကြသည်။ ဂျပန်ဆေးရုံပြန်ဖွင့်သောအခါ Sr. Bridget (SJA) နှင့် Sr. Bridget (SFX) တို့သည် သူနာပြုများနှင့်အတူ ဖျားနာသူများ၊ ဒဏ်ရာရသူများကို ကြည့်ရှုပြုစုပေးခဲ့ကြသည်။ ဒုက္ခသည်စခန်း၌လည်း ကူညီလုပ်ဆောင်ပေးခဲ့ကြသည်။ ဤသီလရှင်တို့၏ ကြိုးပမ်း လုပ်ဆောင်မှုကြောင့် မြို့ထဲ၌ အပြင်းအထန်ပြန့်ပွားနေသော ကျောက်ရောဂါလည်း  ပျောက်ကွယ်သွားခဲ့ရလေသည်။ (History of SFX Sisters  စာ-၂၂)

အလားတူ မြန်မာပြည်သို့ရောက်ရှိခြင်း (၁၅၀) ပြည့်နှစ်၊ (၁၉၉၇) ခုနှစ်တွင် ဟားခါးကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ကြီး နီကောလပ်စ်မန်ထန်း၏ တောင်းဆိုမှုအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စိန့်ထရေဇားလမ်းစဉ်သွယ် သီလရှင်များအား သီလရှင်ဘဝဆိုင်ရာ ပညာရပ်များကို သင်ကြားပေးခဲ့ကြသည်။

Myanmar Province တွင် မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံ ပါဝင်သည်။ဖိလစ်ပိုင်နိုင်ငံတွင် (၁၉၉၅) ခုနှစ်မှစ၍ တမန်တော်လုပ်ငန်းများ လုပ်ဆောင်ကြသည်။ မြန်မာနိုင်ငံတွင် ကက်သလစ်သာသနာကြီး (၁၆) ခုရှိသည့်အနက်၊ စိန့်ဂျိုးဇက်သီလရှင်များသည် သာသနာကြီး () ခုတွင် အမှုတော်ထမ်းဆောင်လျက်ရှိကြသည်။ သက္ကရာဇ် (၂၀၂၁) အထိ၊ သာသနာ့လယ်ကွင်းပြင်တွင် စွမ်းစွမ်းတမံ အမှုတော်ထမ်းဆောင်နေကြသည့် မြန်မာပြည်ဖွား စိန့်ဂျိုးဇက်သီလရှင် (၂၃၂) ပါးနှင့် ဖိလစ်ပိုင်နိုင်ငံသူ () ပါးရှိသည်။ ကမ္ဘာအနှံ့ရှိအခြား Province များသို့သွားရောက် သာသနာပြုနေသော သီလရှင်(၂၈) ပါးရှိသည်။ နောက်ဆုံးထွက်သက်ထိတိုင် သစ္စာရှိရှိ အမှုတော်ထမ်းဆောင်ပြီး ကွယ်လွန်သွားခဲ့ကြသော မြန်မာပြည်ဖွား စိန့်ဂျိုးဇက်သီလရှင်(၆၇) ပါးရှိသည်။

မြန်မာပြည်တွင် စိန့်ဂျိုးဇက်သီလရှင်ကျောင်း (၃၅) ကျောင်း၊ HIV/AIDs စင်တာ () ခု၊ ဆေးခန်း () ခု၊ မိဘမဲ့ကျောင်း () ကျောင်း၊ IDP ကလေးများအတွက် ဘော်ဒါကျောင်း () ကျောင်း၊ဘိုးဘွားရိပ်သာ () ခုရှိပြီး၊ ဖိလစ်ပိုင်နိုင်ငံတွင် သီလရှင်ကျောင်း () ကျောင်းနှင့်အတူ စာသင်ကျောင်း () ကျောင်းဖွင့်လှစ်ထားသည်။

#အသင်းဂိုဏ်း၏အမှတ်သင်္ကေတ (Logo)

"သခင်ယေဇူးပုံမပါသော လက်ဝါးကားတိုင် သည် သခင်ယေဇူးသေခြင်းကို အောင်မြင်ကြောင်းဆိုလိုပြီး ကားတိုင်သည် သီလရှင်များ၏ ဘဝမှာ တစ်စိတ်တစ်ပိုင်းရှိနေကြောင်းပြသည်။ S သည် Sister ဟုဆိုလိုပြီး J သည် St. Joseph ကိုဆိုလိုသည်။ A သည် Apparition ရူပါရုံထင်ရှားပြခြင်းကို ဆိုလိုပါသည်။"

#ဆောင်ပုဒ် - “သက်စွန့်ကြိုးပမ်းအမှုတော်ထမ်း
#ဝိညာဉ်ရေးကျင့်စဉ် - သားတော်ဘုရား၏ လူ့အဖြစ်ကိုယူတော်မူခြင်း   
#အထူးကျေးဇူးတော် - လူ့အဖြစ်ကိုယူတော်မူသည့်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုသက်သေခံခြင်း
#Facebook page:#Sisters of St. Joseph of the Apparition Myanmar#
                                                                                

# မြန်မာပြည်ရှိ SJA မျှော်မှန်းချက်။
ရူပါရုံမြင်သောစိန့်ဂျိုးဇက်သီလရှင်များသည်အသင်းဂိုဏ်း၏စိတ်ဓာတ်နှင့်အညီဝိညာဉ်ရေးနှင့်တမန်တော်လုပ်ငန်းဆိုင်ရာအစေခံခေါင်းဆောင်များဖြစ်လာနိုင်ရန်ဘက်စုံတိုးတက်မှုရှိခြင်းဆီသို့

#မြန်မာပြည်ရှိ SJA လုပ်ဆောင်ချက်
Ø  လုပ်ငန်းများကိုအကောင်အထည်ဖော်နိုင်ရန်အတွက်ကော်မရှင်အားလုံး၏လိုအပ်ချက်များကိုပံ့ပိုးပေးရန်
Ø  သီလရှင်များ၏စွန့်လွှတ်ပေးလှူမှုများနှင့်ဆက်ကပ်အစေခံမှုများကိုတစ်ဦးချင်း၏စွမ်းရည်နှင့်အညီအားဖြည့်ပေးရန်
Ø  ဝိညာဉ်ရေးနှင့်တမန်တော်လုပ်ငန်းဆိုင်ရာအစေခံခေါင်းဆောင်များဖြစ်လာနိုင်ရန်အတွက်ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်ပေးရန်
Ø  သီလရှင်များအကြားအသင်းဂိုဏ်း၏စိတ်ဓာတ်ကိုအစဉ်တစိုက်ရှင်သန်သက်ဝင်စေရန်


#စိန့်ဂျိုးဇက်သီလရှင်တစ်ပါး ဖြစ်နိုင်ရန်အတွက် တက်လှမ်းရမည့် အဆင့်()ဆင့်ရှိသည်။

၁။ လေ့လာသူအဆင့် (ကျောင်းသူ)
အခြေခံပညာသင်ယူနေသည့် ကျောင်းသူဖြစ်စေ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်စေ၊ တက္ကသိုလ်ကျောင်းသူဖြစ်စေ သီလရှင်တစ်ပါးဖြစ်လိုသော ဆန္ဒရှိ၍ သီလရှင်များနှင့် ပထမဆုံးဆက်သွယ်လာသည့်အချိန်ကို ဆိုလိုသည်။ သူမသည် အသင်းဂိုဏ်း၏ သီလရှင်ကျောင်းတစ်ကျောင်း (သို့မဟုတ်) သီလရှင်တစ်ပါးပါးနှင့် အဆက်အသွယ် ရှိနေရမည်။

၂။ ဝင်လိုသူအဆင့် (Pre Postulant)
ကိုယ်တော်သည်မည်သည့်အရပ်၌ နေတော်မူသနည်း” (ယော ၁ း ၃၈) 
ဤအဆင့်သည် အသင်းဂိုဏ်းနှင့် ရင်းနှီးမှုယူရမည့်အချိန်ဖြစ်သည်။
- သခင်ယေဇူးနှင့်ဦးစွာတွေ့ဆုံရန်။
- သီလရှင်လောင်းပထမအဆင့်ကို မတက်လှမ်းမီ လိုအပ်သောပြင်ဆင်မှု ကိုရယူရန်။

အချိန်ကာလ။။ အသက် (၁၈) နှစ်အထက်ရှိ၍ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ လူသားဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ ပြင်ဆင်မှု၌ ကာယကံရှင်၏ အခြေအနေပေါ်မူတည်၍ အချိန်ကြာမြင့်မှုကွာခြားနိုင်သည်။

#လိပ်စာ         
Sisters of St. Joseph of the Apparition
၂၈၉ (B), ပြည်လမ်း
မြေနီကုန်း၊ စမ်းချောင်း၊ ရန်ကုန်။
sjaprovmm@gmail.com

Ph: 09755420435; 09449251349



၃။ သီလရှင်လောင်းပထမအဆင့် (Postulant)

လာ၍ကြည့်ကြလော့” (ယော ၁ း ၃၉)

စည်းစနစ်တကျ ပြုစုပျိုးထောင်ပေးသော အခြေခံသင်တန်း ပထမအဆင့်ဖြစ်သည်။ အဖွဲ့အစည်းဖြင့် နေထိုင်တတ်ရန်၊ အသိပညာနှင့် လူမှုဆက်ဆံရေးတို့၌ ပို၍နက်ရှိုင်းလာစေရန်နှင့် မိမိကိုယ်ကိုနှင့်အခြားသူများကို ရှာဖွေတွေ့ရှိ၍ နားလည်နိုင်ရန်အတွက် လေ့လာဆည်းပူးရမည့်အချိန်ဖြစ်သည်။ သခင်ယေဇူး၏ ခေါ်သံကို သေချာစေခြင်းဖြင့် ဘုရားသခင်အား မိမိကိုယ်ကို ပူဇော်အပ်နှံကာ သီလရှင်ဘဝကို နေထိုင်ကျင့်သုံးရန် ဤအသင်းဂိုဏ်း၌ ခေါ်တော်မူခြင်းခံရကြောင်းကို ဆန်းစစ်သုံးသပ်ကာ ရင့်ကျက်သောသူအဖြစ်၊ ခရစ်ယာန်အသက်တာ၌ လေးနက်လာ‌ရင်း လွတ်လပ်စွာ ရွေးချယ်နိုင်ရန်ပြင်ဆင်ရမည်။

အချိန်ကာလ။။ ဤအဆင့်၌ တစ်နှစ်ကြာမြင့်ရမည်။ သို့သော်သီလရှင်လောင်း၏ တိုးတက်မှုနှင့်ဖွံ့ဖြိုးမှုအပေါ် မူတည်၍ အချိန်တိုးမြှင့်နိုင်သည်။ ပထမအဆင့်သင်တန်းကို သီလရှင်ကျောင်း (သို့) အသင်းဂိုဏ်းအတွင်း သတ်မှတ်ထားသောနေရာတွင် ပြုလုပ်သည်။

#နေရာ

ဖိလိပိုင်နိုင်ငံတွင်ဖြစ်သော်လည်း covid-19 ကာလ ခရီးသွားလာရေး အခက်အခဲကြောင့် လောလောဆယ် စမ်းချောင်း၊ ရန်ကုန်၌ နေကြသည်။



၄။ သီလရှင်လောင်းဒုတိယအဆင့် (Novice)

သူတို့သည်လာကြ၍ ကိုယ်တော်၏ ထံတော်ပါးတွင် နေကြ၏” (ယော ၁ း ၃၉)

ဤအဆင့်သည် အခြေခံသင်တန်း၏ အဓိကကျသောအဆင့် ဖြစ်သည်။ မိမိ၏ခေါ်တော်မူခြင်းအသက်တာနှင့် သခင်ယေဇူးနောက်တော်သို့ လိုက်လျှောက်ခြင်းကို ပိုမိုလေးနက်စေသည့် အသိတရားကို ညွှန်ပြပေးသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို တွေ့ကြုံရမည့်အချိန် ဖြစ်သည်။ သီလရှင်လောင်းသည် သူမအား ဘုရားသခင်နှင့်နက်နဲသောတွေ့ကြုံမှုကို ရှင်သန်စေပြီး၊ သီလရှင် အသိုင်းအဝိုင်းတွင် ပါဝင်ပေါင်းစပ်ကာ ၎င်း၏ တမန်တော်လုပ်ငန်းများတွင် ပါဝင်နိုင်စေရန် အသင်းဂိုဏ်းမှ ဖြည့်ဆည်းပေးသော ဘ၀ပုံစံအသစ်ကို သိရှိကာ စမ်းသပ်လေ့လာနေရမည်။

- ဆုတောင်းခြင်းအားဖြင့် သခင်ယေဇူးနှင့် ဆက်သွယ်ရေးကို နက်ရှိုင်းစေခြင်း။
- အသင်းဂိုဏ်း၏ စိတ်ဓာတ်နှင့် သာသနာပြုလုပ်ငန်းများကို နားလည်ခြင်း။
- ကတိသစ္စာ () ပါးအကြောင်းကို ပိုမိုနက်ရှိုင်းစွာ ဆည်းပူးခြင်း။

#အချိန်ကာလ။။ ဤအဆင့်အတွက်သင်တန်းကာလ () နှစ်ဖြစ်သည်။ အရေးကြီး၍ ခိုင်လုံသောအကြောင်းပြချက်များအတွက် ပြည်နယ်အကြီးအကဲသည် တာဝန်ခံသင်တန်းမှူး၏ အကြံပြုချက်အရ သင်တန်းကာလကို တိုးပေးနိုင်ပါသည်။ သို့သော်ခြောက်လထက်မပိုရ။ (အသင်း၏ဥပဒေ - ၃၇)

#နေရာ။
Sisters of St. Joseph of the Apparition
26 Makabud Street
Amparo village
Novaliches, P.O Box 1425,
Caloocan City, Philippines
Email: sjaformationph@gmail.com
Tel: (+63) 2 893 58 027 

၅။ ယာယီသစ္စာခံဘဝ

မိမိနှင့်အတူရှိစေခြင်းငှာလည်းကောင်း၊ တရားဟောပြောရန်စေလွှတ်ခြင်းငှာလည်းကောင်း….” (မာကု ၃: ၁၄-၁၅)

မိမိနှင့်ဘုရားသခင်အကြား၊ မိမိနှင့် အခြားသူများအကြား ဆက်ဆံရေးကို နက်ရှိုင်းစေသည်။ ဤအဆင့်သည် အခြေခံသင်တန်း၏ နောက်ဆုံးအဆင့်ဖြစ်ပြီး၊ ၎င်းကို အသင်းဂိုဏ်း၌ တစ်သက်သစ္စာပြုခြင်းဖြင့် အဆုံးသတ်သည်။ ဤကာလသည် ရူပါရုံမြင်သော စိန့်ဂျိုးဇက်သီလရှင်အသင်းဂိုဏ်းဝင် တမန်တော်တစ်ပါး ဖြစ်လာနိုင်ရန်အတွက် သင်တန်းအဆင့်ဆင့်တွင် မိမိသင်ယူရရှိခဲ့သည့်အရာများကို ကျစ်လျစ်ခိုင်မာစေရန်၊ နက်ရှိုင်းစေရန်နှင့် ပေါင်းစည်းရန်အတွက် ပြန်လည်စုစည်းရမည့် အချိန်ဖြစ်သည်။

#အချိန်ကာလ။ ယာယီသစ္စာကို () နှစ်အတွက်ပြုရပါသည်။ အကယ်၍ ခိုင်လုံသောအကြောင်းပြချက်များရှိပါက တစ်ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲသည် အကြံပေးအဖွဲ့၏ သဘောတူညီချက်အရ ယာယီသစ္စာပြုထားသည့် အချိန်ကာလကို တိုးမြှင့်ပေးနိုင်ပါသည်။ သို့သော် အသင်းတော်ဥပဒေက သတ်မှတ်ကန့်သတ်ထားသည့် အချိန်ကာလထက် မကျော်လွန်စေရ။ (အသင်း၏ဥပဒေ - ၄၁)

#နေရာ။

ပြင်သစ်နိုင်ငံ
International Juniorate:
Cté St. Joseph
16, Place émilie de Vialar
81600 Gaillac
Email : emilisja@yahoo.es
Tel : 5 63 57 36 36

ယာယီသစ္စာခံသီလရှင်များသည်တမန်တော်လုပ်ငန်းလုပ်ဆောင်နေသည့် ဒေသခံသီလရှင်အဖွဲ့အစည်းနှင့် အတူနေထိုင်၍လည်းကောင်း၊ သတ်မှတ်ထားသည့်အပြည်ပြည်ဆိုင်ရာ ယာယီသစ္စာခံသီလရှင်ကျောင်းတွင် () နှစ်သင်တန်းယူ၍လည်းကောင်းလိုက်နာကျင့်သုံးနိုင်သည်။


၆။တစ်သက်သစ္စာခံပြီးဘဝ

သင်တန်းပေးခြင်းသည်သီလရှင်ဘဝအဆင့်ဆင့်တိုင်း၌အကျင့်ပုံစံပြောင်းလဲမှုကိုအထောက်အကူပြုရမည်(အသင်း၏ဥပဒေ - ၁၈)

တမန်တော်လုပ်ငန်းများလုပ်ဆောင်သည့်ဆက်ကပ်ပူဇော်ထားသောဘဝ၏အခြေခံတန်ဖိုးများပြောင်းလဲမသွားပါ၊ သို့သော်၎င်းတို့ကိုမွေးဖွားပေးသည့်ပုံစံသည်ကျွန်ုပ်တို့၏တီထွင်ဖန်တီးမှုများကိုတောင်းဆိုသောကမ္ဘာကြီး၏လိုအပ်ချက်များနှင့်လိုက်လျောညီထွေဖြစ်စေရမည်။

ခရစ်ယာန်အသက်တာနှင့်သီးခြားဆက်ကပ်ပူဇော်သောအသက်တာသည်ခရစ်တော်ကဲ့သို့ဖြစ်လာစေသောနည်းလမ်းဖြစ်သည်။ ရူပါရုံမြင်သောစိန့်ဂျိုးဇက်သီလရှင်များဖြစ်သည့်ကျွန်ုပ်တို့အတွက်ပိုမိုထူးခြားသည့်ပုံစံဖြစ်သည်။ဤပန်းတိုင်ကိုမည်သည့်အခါမျှပြီးပြည့်စုံစွာမရရှိနိုင်ပါ။ ကျွန်ုပ်တို့အားအသစ်သောဖန်ဆင်းခံသတ္တဝါများဖြစ်လာစေသည့်ပြောင်းလဲခြင်းဖြစ်စဉ်သည်တစ်သက်တာလုပ်ဆောင်နေရမည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် စဉ်ဆက်မပြတ်မွမ်းမံသင်တန်းပေးခြင်းသည် ဆက်ကပ်ပူဇော်ထားသည့်ဘဝအသက်တာ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ရမည်။ (ကိုးကား - အသင်း၏ဥပဒေ ၄၄၊ Vita Consecrata 69)


  1. Education such as teaching catechism, running boarding houses, opening nursery learning centers

  2. Care of the sick such as opening dispensaries and HIV/AIDS centers according to the needs

  3. Taking care of the needy such as homes for the vulnerable children, internal displaced person/children (IDP) and orphans, hostels for the poor working girls and students from the peripheries

  4. Evangelizing through working in the Social Communication Services of the Catholic Bishop Conferences of Myanmar and other dioceses and Radio Veritas Asia (RVA)- Myanmar, Hakha and Falam.

  5. Taking care of the senior citizens in Elderly Homes

  6. Social services in sewing projects for the poor young girls

  7. Spiritual Direction and Spiritual Accompaniment to the faithful of some associations in the parishes such as Legion of Mary, Youth and Missionary Childhood

  8. Biblical Pastoral Ministry and ASIPA

  1. Formation of SJA Lay Associate members and sharing our charism with them

  2. Facilitating prayer services and recollection for spiritual formation to the faithful

  3. Helping to the Migrant people and spiritual accompaniment to Oversea workers in Singapore & Malaysia since 2010

  4. Opening of retreat center for the Sisters and lay people

  5. Episcopal Commission of Pastoral Health Care & Myanmar Catholic HIV/AIDs Network

  6. Pastoral Accompaniment at JRS (Jesuit Relief Service) in camps for Internal Displaced People

  7. Board member at Myanmar Institute of Religious Studies 

  8. Executive Committee member at Catholic Religious Conference of Myanmar

  9. Coordinator of Early Childhood Education Department at National Caritas, Myanmar

  10. Recently, established Elderly Home and small retreat cente




၁။ ဝိညာဉ်ရေးလုပ်ငန်းများ - ဘုရားစကားသင်ကြားခြင်း၊ မာရီယားတမန်တော်အသင်း၊ လူငယ်အသင်းနှင့်သာသနာပြုကလေးသူငယ်အသင်းစသည့်အသင်းအဖွဲ့များအား ဝိညာဉ်ရေးလမ်းညွှန်ပေးခြင်း၊ ဝိညာဉ်ရေးရိပ်သာဖွင့်ကာသီလရှင်များ/ ဘာသာတူများအားဝိညာဉ်ရေးခွန်အားဖြည့်တင်းပေးခြင်း၊ သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတွင်ပါဝင်အမှုတော်ထမ်းဆောင်ခြင်း။

၂။ ပညာရေးလုပ်ငန်းများ - အင်္ဂလိပ်စာသင်ကြားခြင်း၊ဘော်ဒါဆောင်များနှင့် မူကြိုကျောင်းများဖွင့်ကာကလေးများ၏ပညာရေးကိုအုတ်မြစ်ခိုင်မာစေရန် ပျိုးထောင်ပေးခြင်း၊သာသနာတော်၏ပညာရေးကော်မရှင်၌ပါဝင်အားဖြည့်ခြင်း၊ အသင်းဂိုဏ်းအတွင်းပညာရေးကော်မရှင်ဖွဲ့စည်းကာခက်ခဲဆင်းရဲသောဒေသများသို့သွားရောက်၍ပညာဒါနပြုခြင်း။

၃။ ကျန်းမာရေးလုပ်ငန်းများ - ဆေးခန်းများနှင့် HIV/AIDS စင်တာများ ဖွင့်လှစ်ကာ ဖျားနာသူများ၊ ရောဂါဝေဒနာခံစားနေရသူများအား ပြုစုစောင့်ရှောက် ကုသပေးခြင်း။

၄။ လူမှုရေးလုပ်ငန်းများ - ရင်ခွင်မဲ့ကလေးများအတွက်ဂေဟာများနှင့် သက်ကြီးရွယ်အိုများအတွက်ရိပ်သာများတည်ထောင်ကာကြည့်ရှုစောင့်ရှောက်ပေးခြင်း၊ ဆင်းရဲသောမိန်းကလေးငယ်များအတွက် စက်ချုပ်သင်တန်းများစီစဉ်သင်ကြားပေးခြင်းနှင့် အဆောင်ငှားပေးခြင်း၊ရွှေ့ပြောင်းနေထိုင်သူများအားကူညီခြင်းနှင့် (၂၀၁၀) မှစတင်၍ စင်္ကာပူနှင့်မလေးရှားတို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဝိညာဉ်ရေးလမ်းညွှန်ပေးခြင်း။

၅။စာပေနှင့်ဆိုင်သောတမန်တော်လုပ်ငန်းများဖြစ်သည့်သမ္မာကျမ်းစာတော်မြတ်ဘာသာပြန်ခြင်း၌အဖွဲ့ဝင်အဖြစ်လည်းကောင်း၊မျိုးကြဲသူစာစောင်၊သိုးထိန်းအသံစာစောင်၊ ကြေးစည်စာစောင်နှင့်မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏လူထုဆက်သွယ်ရေးရုံး (CBCM OSC) ၏ဘာသာပြန်ကဏ္ဍ၌ပါဝင်ဆက်ကပ်ခဲ့ကြပြီး၊ ယခုအခါတွင်မီဒီယာနှင့်ဆိုင်သောတမန်တော်လုပ်ငန်းများဖြစ်သည့်အာရှသမ္မာတရားအသံလွှင့်ဌာနမှမြန်မာ (RVA)၊ဟားခါး (RVA) နှင့်ဖလမ်း (RVA) ၌ ပါဝင်အမှုတော်ဆောင်ကြလျက်ဧဝံဂေလိသတင်းကောင်းကိုဝေမျှသက်သေခံလျက်ရှိသည်။













Untitled Document
Total viewer: 346032